Gym ကစားသူတွေ လိုက်နာသင့်တဲ့ အချက်လေးတွေ
Gym ကစားသူတွေ လိုက်နာသင့်တဲ့ ယေဘုံယျအချက်လေးတွေ တင်ပြပေးလိုက်ပါတယ်။
| ၁။ | အလေးမနိုင်မှုထက် နည်းစနစ်ကျနမှုနဲ့ ထိရောက်မှုကို ဦးစားပေးပါ။ |
| ၂။ | အလေး အတင်အချအတွက် အသက် ရှူသွင်း၊ ရှူထုတ် ကို ဂရုစိုက်ပါ။ |
| ၃။ | ကစားနေချိန် တစ်ကြော့နှင့် တစ်ကြော့အကြား နားချိန်မကြာပါစေနှင့်။ |
| ၄။ | အလေး အတိုးအလျော့၊ အကြိမ်ရေ အတိုးအလျော့ဖြင့် ကစားပါ |
| ၅။ | Weight Loss သမားများ Cardio ကိုချည်း အားကိုးပြီး ဆော့နေမျိုးမလုပ်ဘဲ Weight Training ကိုလည်း ဆော့သင့်ပါတယ်။ |
| ၆။ | Weight Gain သမားတွေကတော့ လွန်လွန်ကဲကဲ ကစားချင်တတ်ကြပါတယ်။ အဲ့သည့် လွန်ကဲစွာကစားလိုက်စိတ်ကို ထိန်းရပါမယ်။ |
| ၇။ | Weight Loss သမားတွေအတွက် Readymade အစားအသောက်တွေက အဆင်မပြေပါဘူး။ တတ်နိုင်သမျှ အဲ့ဒါတွေကို မစားပါနဲ့။ |
| ၈။ | မိမိကစားနေတဲ့ Training Plan အတိုင်း ရက်မပျက်အောင် ကစားဖို့ကလည်း အရေးပါတယ်။ |
| ၉။ | စိတ်ဓါတ်မကျပါနဲ့။ ပေါင်ချိန်စက်ပေါ် နေ့တိုင်းတက်ပြီး ပေါင်ချိန်မနေပါနဲ့။ |
| ၁၀။ | ကစားနေချိန်အတွင်း ရေသောက်ပါ။ |
| ၁၁။ | အဆီတွေ၊ ဆီတွေ၊ အငံတွေ လျှော့စားပါ။ အချိုလျော့စားပါ။ |
| ၁၂။ | Junk Foods တွေကို ရှောင်ကြဥ်ပါ။ |
| ၁၃။ | တစ်နေ့တာ စားသမျှ အစာထဲမှာ ပရိုတင်းဓါတ် (Protein) ပါအောင်စားပါ။ |
| ၁၄။ | အရသာထက် အာဟာရဖြစ်မယ့် အစားအသောက်တွေကို ရွေးချယ်စားသောက်ပါ။ |
| ၁၅။ | စားသမျှ အစာအာဟာရတိုင်း သတ်ရှင်းလတ်ဆတ်နေပါစေ။ |
| ၁၆။ | အိပ်ချိန်၊ စားချိန် မှန်ပါစေ။ |
| ၁၇။ | Weight Gain/Loss သမားများ နေ့စဥ် ကယ်လိုရီ လိုအပ်ချက်အတွက် BMR တွက်ပြီး လိုတိုး၊ ပိုလျှော့ စားသောက်ပါ။ |
| ၁၈။ | မိမိ Gym ဆရာရဲ့ သင်ပြမှု၊ လမ်းညွှန်မှုကို လိုက်နာပါ။ |

Comments
Post a Comment