Gym က နတ်ရေကန်မဟုတ်သလို Gym ဆရာတွေကလည်း မှော်ဆရာတွေ မဟုတ်ပါ
တစ်ချို့က Gym ကို နတ်ရေကန်လို့ထင်ပြီး Gym ဆရာတွေကို မှော်ဆရာတွေလို့ ထင်တတ်ကြပါတယ်။ တကယ်က ကျမတို့ရဲ့ Union Fitness Center မှာ နတ်သမီးလေးတွေနဲ့ Gym ဆရာ ကိုလူချောတွေပဲ ရှိတာ။ စတာပါ။ ဒါပေမယ့် တကယ်ပါ။ 😂
ဒီလို Gym ကို နတ်ရေကန်ထင်၊ Gym ဆရာကို မှော်ဆရာထင်တတ်ကြသူတွေအကြောင်း အနည်းငယ် ပြောပြလိုပါတယ်။
Gym ကိုလာတဲ့သူ ၁၀၀ မှာ ၅၀ လောက်က ဒီလိုတွေပါ။
- တစ်လကို ဘယ်နှပေါင်ကျမှာလဲဟင်?
- ဗိုက်ချည်းပဲ အဆီချလို့ရလား?
- ပေါင်ကအရမ်းတုတ်နေလို့ ပေါင်ချည်းပဲ သီးသန့်ချချင်တာ ရလား?
- ပေါင်ချိန်စက်ပေါ်က ကိန်းဂဏန်းတွေက ဘာလို့မကျတာလဲ?
- ဘယ်နှလအတွင်း ဘယ်လောက်ကျနိုင်လဲ?
Gym က နည်းပြဆရာတွေကို အပေါ်ကအချက်တွေ မမေးခင် အောက်က မေးခွန်းလေးတွေကို မိမိကိုယ်ကို ပြန်မေးကြည့်ပါ။
- ငါ Gym ကို ပုံမှန်ဆော့မှာလား?
- အစားအသောက် အနေအထိုင် စည်းကမ်းရှိမှာလား?
- Program အတိုင်း သေချာလိုက် ကစားနိုင်ပါ့မလား?
- တစ်နေ့တာ လိုအပ်မယ့် ကယ်လိုရီ အတိုးအလျှော့ မှန်အောင် လုပ်နိုင်ပါ့မလား?
- လှုပ်ရှားမှုက Gym မှာပဲ ရှိနေမှာလား၊ အပြင်မှာရော ရှိလား?
- တစ်နေကုန် အထိုင်များနေတာလား?
- အိပ်ရေးဝအောင်ရော ဘယ်လောက် ဂရုစိုက်နိုင်နေပြီလဲ?
အပေါ်က အချက်တွေထဲက တချို့အချက်တွေကို လိုက်နာနိုင်ပြီဆိုရင်တောင် မိတ်ဆွေရဲ့ ကိုယ်ခန္ဓာ ယခုထက် အချိုးအစားကျနလှပဖို့ ပိုနီးစပ်နေပါပြီ။
စိတ်ရှည်သည့်ခံပြီး စည်းကမ်းတကျ သေချာလိုက်လုပ်မယ်ဆိုရင် ၅ နှစ်ဝန်းကျင်အကြာမှာ မိတ်ဆွေရဲ့ ခန္ဓာကိုယ်ဟာ အလွန် အချိုးအစားကျနလှပပြီး ကြည့်ကောင်းနေမှာ ဖြစ်သလို ကျန်းမာရေးဟာလည်း အလွန်ကောင်းမွန်နေပါလိမ့်မယ်။
ကျန်းမာလှပသော ခန္ဓာကိုယ် (Body) ကို ပိုင်ဆိုင်နိုင်ကြပါစေ။
မိတ်ဆွေတို့နဲ့ သင့်တော်မယ့် ကစားနည်း၊ အစားအသောက်ပုံစံ၊ အနားယူမှုနဲ့ အိပ်ချိန်တွေကအစ Union Fitness Center က နည်းစနစ်မှန်ကန်တိကျစွာဖြင့် တာဝန်ယူ ပြောင်းလဲပေးနေပါတယ်။
ဝိတ်ကျချင်သူများ👌
အဆီကျကျစ်လစ်ချင်သူများ👌
ခန္ဓာကိုယ်လှပချင်သူများ👌
Body ကြီးထွားချင်သူများ👌
ကျန်းမာရေးအရ ကစားချင်သူများ👌
အားလုံးကို စနစ်တကျဖြစ်အောင် One by One Personal Training များလည်း လက်ခံပေးနေပါပြီ။
Union Fitness Center ရဲ့ ဝန်ဆောင်မှုတွေ၊ Training Plan တွေနဲ့အတူ Diet Plan ကိုပါ ပူးတွဲလိုက်မယ်ဆိုရင် မိတ်ဆွေတို့ရဲ့ ခန္ဓာကိုယ်ဟာ အချိန်ခဏအတွင်း ပြောင်းလဲလှပလာမှာပါ။
Union Fitness Center ကို Join ကြပါစို့။
Comments
Post a Comment