Gym က နတ်ရေကန်မဟုတ်သလို Gym ဆရာတွေကလည်း မှော်ဆရာတွေ မဟုတ်ပါ
တစ်ချို့က Gym ကို နတ်ရေကန်လို့ထင်ပြီး Gym ဆရာတွေကို မှော်ဆရာတွေလို့ ထင်တတ်ကြပါတယ်။ တကယ်က ကျမတို့ရဲ့ Union Fitness Center မှာ နတ်သမီးလေးတွေနဲ့ Gym ဆရာ ကိုလူချောတွေပဲ ရှိတာ။ စတာပါ။ ဒါပေမယ့် တကယ်ပါ။ 😂 ဒီလို Gym ကို နတ်ရေကန်ထင်၊ Gym ဆရာကို မှော်ဆရာထင်တတ်ကြသူတွေအကြောင်း အနည်းငယ် ပြောပြ လိုပါတယ်။ Gym ကိုလာတဲ့သူ ၁၀၀ မှာ ၅၀ လောက်က ဒီလိုတွေပါ။ တစ်လကို ဘယ်နှပေါင် ကျမှာလဲဟင်? ဗိုက်ချည်းပဲ အဆီ ချလို့ရလား? ပေါင်ကအရမ်းတုတ်နေလို့ ပေါင်ချည်းပဲ သီးသန့်ချချင်တာ ရလား? ပေါင်ချိန်စက်ပေါ်က ကိန်းဂဏန်းတွေက ဘာလို့ မကျတာလဲ? ဘယ်နှလအတွင်း ဘယ်လောက် ကျနိုင်လဲ? Gym က နည်းပြဆရာတွေကို အပေါ်ကအချက်တွေ မမေးခင် အောက်က မေးခွန်းလေးတွေကို မိမိကိုယ်ကို ပြန်မေးကြည့်ပါ။ ငါ Gym ကို ပုံမှန်ဆော့မှာလား? အစားအသောက် အနေအထိုင် စည်းကမ်း ရှိမှာလား? Program အတိုင်း သေချာလိုက် ကစား နိုင်ပါ့မလား? တစ်နေ့တာ လိုအပ်မယ့် ကယ်လိုရီ အတိုးအလျှော့ မှန်အောင် လုပ်နိုင်ပါ့မလား? လှုပ်ရှားမှုက Gym မှာပဲ ရှိနေမှာလား၊ အ...